International News

(၆) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲများ ယနေ့စတင်ကျင်းပခြင်း

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ယူနန်ပြည်နယ်တွင် (၆) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန် -သွင်းကုန် ကုန်စည်ပြပွဲများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းကျင်းပသည့် နိုင်ငံတကာပြပွဲကို (၁၉-၁၁-၂၂) ရက်နေ့မှစတင်၍ (၂၂-၁၁-၂၂) ရက်နေ့အထိ ကျင်းမည်ဖြစ်ရာ တရုတ်နိုင်ငံ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနှင့် အခြားကမ္ဘာ့နိုင်ငံများအကြား ဘက်စုံသံခင်းတမန်ခင်း စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုနှင့် လူချင်းဖလှယ်ရေးတို့အတွက် အရေးပါသော စင်မြင့်တစ်ခုအဖြစ်၎င်း၏အခန်းကဏ္ဍကို ပိုမိုအားဖြည့်ဆောင်ရွက်ကာ သာယာဝပြောရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်ဖြစ်ပါကြောင်း ကုန်စည်ပြပွဲတွင် တရုတ်-တောင်အာရှ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်၊ တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသဆိုင်ရာဖိုရမ်၊  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး GMS အုပ်ချုပ်ရေးမှူးများဖိုရမ်၊ တရုတ်-တောင်အာရှ စီးပွားရေးဖိုရမ်၊ တရုတ်-တောင်အာရှနှင့် အရှေ့တောင်အာရှ တွေးခေါ် ပညာရှင်ဖိုရမ်၊ တရုတ်-တောင်အာရှ စီးပွားရေးဖိုရမ်၊  အာရှစီးပွားရေးဖိုရမ် ယူနန်-တိုင်ပေစီးပွားရေးကုန်သွယ်မှုနှင့် ယဉ်ကျေးမှုညီလာခံ၊ အာဆီယံပြည်ပတရုတ်လုပ်ငန်းရှင်များညီလာခံ International Cooperation Forum on RCEP Trade and Investment Kunming Forum on Education Cooperation in South & Southeast Asia New Era-Border Opening Forum၊Belt and Road Supply Chain Summit၊China International  တရုတ်-လာအို မီးရထားဘက်စုံပို့ဆောင်ရေးအတွက် "One Order System" ဆွေးနွေးပွဲနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုစာရွက်စာတမ်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားများလည်းပါဝင်၍ ယူနန်ပြည်နယ်၊ကူမင်းမြို့၊  တီယန်ချီစင်တာတွင်  ပြပွဲအကျယ် အဝန်း ၁၃၀,၀၀၀ မီတာ ကျယ်ဝန်းသော နေရာတွင် ကျင်းပခြင်းဖြစ်ပြီး ပြပွဲခန်းမများတွင် အစိမ်းရောင်စွမ်းအင်၊ ခေတ်မီစိုက်ပျိုးရေး ပြပွဲဖွင့်ပွဲနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဇီဝဆေးဝါးနှင့် အထွေထွေကျန်းမာရေး၊ အဆင့်မြင့်ကုန်ထုတ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု မဏ္ဍပ်များပါဝင်ပါကြောင်း ကမ္ဘာလုံးဆိုင်ရာစက်မှုကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်နှင့် လူအချင်းချင်း ဖလှယ်မှုများအပေါ် COVID-19 ၏ ပြင်းထန်သော အကျိုးသက်ရောက်မှုများကြားတွင် CSA ကုန်စည်ပြပွဲနှင့် ကူမင်းကုန်စည်ပြပွဲသည် တရုတ်အစိုးရမှပံ့ပိုးပေးသည့် ပြပွဲတစ်ခု ဖြစ်ပါကြောင်း စိတ်ပါဝင်စားသူများအနေဖြင့် www.csa-expo.comတွင် အခြားသော အချက်အလက်အသေးစိတ်ကို ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News